“ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့တဲ့ ဒေါင်းမန်း”

16 Mar

အာဆင်နယ်အသင်း တောင်ပံကစားသမား ဒေါင်းမန်း ဟာ အဲဗာတန်နဲ့ပွဲမှာ ဒုတိယအနိုင်ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ ဒေါင်းမန်းဟာ ၇၄ မိနစ်မှာ လူစားဝင်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ပထမဂိုး Build-up မှာလည်း ပါဝင်ပတ်သက် ခဲ့ပါတယ်။ ဒေါင်းမန်း က တန်ပြန်တိုက်စစ်ကနေ အဲဗာတန်ကစားသမားနှစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းမန်း ရဲ့ အသက်က ၁၆ နှစ် ၇၃ ရက်သာရှိသေးလို့ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူအဖြစ် အဲဗာတန်ကစားသမား ဂျိမ်းစ်ဗော်ဂန် ၂၀၀၅ ခုနှစ်က တင်ရှိထားတဲ့ ၁၆ နှစ် ၂၇၀ ရက်ထက် ၁၉၇ ရက်စောကာ ကျော်ဖြတ်ခဲ့ပါတယ်။ ဒေါင်းမန်း ဟာ ချန်ပီယံလိဂ်သမိုင်းမှာ အသက်ငယ်ဆုံးပွဲထွက်ခွင့်နဲ့ FA Cup မှာ အသက်ငယ်ဆုံး ပွဲထွက်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။(NVS 008)

16 Mar

ADVERTISE HERE .