“ဆော်ဒီပရိုလိဂ်မှာ သုံးမှတ်ဖြတ်လိုက်တဲ့ အယ်လ်နာဆာအသင်း”
16 Mar
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်-၂၆ အပြီးမှာ သုံးမှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုပွဲစဉ်မတိုင်ခင် အယ်လ်နာဆာအသင်းဟာ ဒုတိယနေရာကအသင်းကို နှစ်မှတ်သာ ဖြတ်ထားနိုင်ခဲ့ တာဖြစ်ပါတယ်။ ပွဲစဉ်(၂၆)မှာ ဒုတိယနေရာက အယ်လ်အာလီအသင်းက ရှုံးပွဲတွေ့ခဲ့ရလို့ အယ်လ်ဟီလာအသင်းက ဒုတိယ နေရာရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဒဏ်ရာကြောင့် ကစားနိုင်ခြင်းမရှိတဲ့ အယ်လ်နာဆာအသင်း ဟာ အခုပွဲစဉ်မှာ အယ်လ်ခါလီအသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ခဲ့တာပါ။ အယ်လ်နာဆာအတွက် ဂိုးတွေကို ဂျော်အိုဖေးလစ် က နှစ်ဂိုး၊ အယ်လ်ဟမ်ဒန်၊ ယာယာ နဲ့ အန်ဂျယ်လို တို့က တစ်ဂိုးစီ သွင်းခဲ့ပါတယ်။ ဂျော်အိုဖေးလစ် ဟာ အခုရာသီသွင်းဂိုး ၁၅ ဂိုးရှိလာပြီး ၁၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။ သူ့ရဲ့ဂိုး ပါဝင်ပတ်သက်မှု ၂၆ ဂိုးက စီရော်နယ်လ်ဒို ထက်ပိုများနေခဲ့ပါတယ်။(NVS 008)
16 Mar