“သြစတြေးလျမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ အီရန်အမျိုးသမီးကစားသမား သုံးဦး နေရပ်ပြန်”
16 Mar
သြစတြေးလျမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ အီရန်အမျိုးသမီးကစားသမား သုံးဦး ဟာ ဆုံးဖြတ်ချက် ပြင်ဆင်ကာ နေရပ်ပြန်ခဲ့ပါတယ်။ နေရပ်ပြန်ဖို့ဆုံးဖြတ်ခဲ့တဲ့ ကစားသမားသုံးဦး ကတော့ မက်ရှ်ကယ်ကာ၊ ဟာမူဒီ၊ ဆာဘာလီ တို့ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ အီရန်အမျိုးသမီးအသင်းက ကစားသမားခြောက်ဦးနဲ့ အသင်း အဖွဲ့ဝင်တစ်ဦးတို့က သြစတြေးလျနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုခဲ့ပါတယ်။ အဆိုပါခုနစ်ဦးထဲက တစ်ဦး ကတော့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်ခဲ့တာကြောင့် နိုင်ငံရေးခိုလှုံခွင့်နဲ့ သြစတြေးလျမှာ ဆက်နေမယ့်သူ သုံးဦး သာ ကျန်ရှိတော့တာဖြစ်တယ်။ အီရန်အားကစားဝန်ကြီးကတော့ သြစတြေးလျဟာ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အလိုကျ ကစားနေရတယ်လို့ ဝေဖန်ခဲ့ပါတယ်။(NVS 008)
16 Mar