“လူးဝစ်ဒီယက်ဇ် ကို မှားယွင်းစွာထုတ်ပယ်ခဲ့မိတယ်လို့ ဝန်ခံခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ခရစ္စတီယန်ဒင်ဂတ်”

16 Mar

လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ် တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီး ခရစ္စတီယန်ဒင်ဂတ် က ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ် ကို မှားယွင်းစွာထုတ်ပယ်ခဲ့မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒီယက်ဇ် ဟာ ပွဲချိန် ၈၄ မိနစ်အရောက်မှာ ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုကာ ဒုတိယအဝါကတ် ပြသခံရကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ လေဗာကူဆင်အသင်းကစားသမား အဲလစ်ဂါစီယာ က ပွဲချိန်ခြောက်မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒီယက်ဇ် က ၆၉ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူ ပေးခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ၄၂ မိနစ်မှာ တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရသလို ဒီယက်ဇ် ကိုလည်း ပွဲချိန် ၈၄ မိနစ်မှာလည်း ထုတ်ပယ်ခံခဲ့ရတာကြောင့် ဘိုင်ယန်အသင်းနည်းပြ ကွန်ပနီ က ပွဲအပြီးမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဘိုင်ယန်အသင်း တိုက်စစ်မှူး ဟာရီကိန်း အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ပိုင်း ပထမဆုံးအဖြစ် လူစားဝင်ကစားခဲ့ပြီး တစ်ဂိုးသွင်းခဲ့ပေမဲ့ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။(NVS 008)

16 Mar

ADVERTISE HERE .