“ဘာစီလိုနာဥက္ကဋ္ဌရွေးချယ်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ လာပေါ်တာ”
16 Mar
စပိန်ထိပ်သီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးချယ်ပွဲကိုပြုလုပ်ခဲ့ရာ လာပေါ်တာ က ဗစ်တာဖောင့် ကို အနိုင်ရရှိခဲ့တာကြောင့် ဥက္ကဋ္ဌအဖြစ် ၂၀၃၁ ခုနှစ်အထိ ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ လာပေါ်တာ က ဗစ်တာဖောင့် ကို ၂၀၂၁ ရွေးချယ်ပွဲမှာလည်း အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ အခုနှစ်ရွေးချယ်ပွဲမှာ ဘာစီလိုနာအသင်းရဲ့ အဖွဲ့ဝင် ၁၁၀,၀၀၀ ကျော်ရှိတဲ့အနက် ၄၈,၄၈၀ ဦးက မဲပေးခဲ့ကြပြီး လာပေါ်တာ က ဆန္ဒမဲ ၆၈ ရာခိုင်နှုန်း၊ ဗစ်တာဖောင့် က ဆန္ဒမဲ ၂၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာဥက္ကဋ္ဌရွေးချယ်ပွဲမှာ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း၊ နည်းပြဟောင်းနဲ့ ကစားသမားဟောင်းများ လာရောက်မဲပေးခဲ့ကြပြီး လက်ရှိဘာစီလိုနာအသင်းရဲ့ နည်းပြနဲ့ ကစားသမားတွေကတော့ ဆီဗီလာအသင်းကို ၅ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာမှ မဲပေးခဲ့ကြပါတယ်။(NVS 008)
16 Mar