“ဂျပန်က မိုင် ၆ဝဝ ကျော်အကွာအထိပစ်ခတ်နိုင်မယ့် ဒုံးကျည်များကို စတင်တပ်ဖြန့်လာ”

16 Mar

ဂျပန်နိုင်ငံက သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Type-12 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို အရှေ့တရုတ်ပင်လယ်အနီးမှာ စတင်တပ်ဖြန့်နေပြီလို့ သိရပါတယ်။ မူလက ကမ်းခြေစောင့်ကာကွယ်ရေးအတွက်သာ ရည်ရွယ်ပြီး ပစ်ခတ်နိုင်တဲ့အကွာအဝေးက မိုင် ၁၂၀ ကျော်သာရှိခဲ့ပေမယ့် အခုအခါမှာတော့ မိုင် ၆၀၀ ကျော် အထိရောက်အောင်ပစ်နိုင်မယ့် အဆင့်မြှင့်တင်ထားတဲ့ဒုံးကျည်တွေကို ပြောင်းလဲတပ်ဖြန့်လာတာ ဖြစ်ပါတယ်။ အဆိုပါဒုံးကျည်တွေဟာ ကုန်းတွင်းပိုင်းပစ်မှတ်တွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိလာမှာ ဖြစ်သလို ကျူရှူးကျွန်း ကနေ ပစ်ခတ်မယ်ဆိုရင် ထိုင်ဝမ်ရေလက်ကြားတစ်ခုလုံးကိုပါ လက်လှမ်းမီသွားမှာဖြစ်ပါတယ်။ မတ်လ ၁၅ ရက်မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ မစ်ဆူဘီရှီကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေကို ကူမာမိုတိုဒေသမှာ တပ်ဖြန့်ထားတာဖြစ်ပြီး ဒါဟာ ဂျပန်တပ်မတော်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးကနေ ဒေသတွင်း တိုက်စစ် ဆင်နိုင်တဲ့အနေအထားကို ပြောင်းလဲလာနေတာဖြစ်တယ်လို့ စစ်ဘက်ရေးရာကျွမ်းကျင်သူများက ရှုမြင်နေကြ ပါတယ်။

16 Mar

ADVERTISE HERE .