“ကြိမ်၊ ဝါး၊ ဗေဒါ အသင်းကို Pilot Project နဲ့ ရင်းနှီးမတည်ငွေ ထောက်ပံ့သွားမည်”

16 Mar

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေနဲ့ ညီနောင် အသင်းတစ်သင်းဖြစ်တဲ့ ရေကြည်မြို့နယ် အခြေစိုက် ကြိမ်၊ ဝါး၊ ဗေဒါ အသင်းကို Pilot Project နဲ့ ရင်းနှီးမတည်ငွေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ Ayeyawady Region Chambers of Commerce (ARCCI) အသင်းအနေနဲ့ ကာလတို၊ ကာလရှည် စီမံချက် များအကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကာလတိုအနေနဲ့ ကုန်ကြမ်းဝယ်ယူစုဆောင်းနိုင်ရေး ဦးစားပေးကူညီသွား မှာ ဖြစ်ပါတယ်။ ကာလရှည်အနေနှင့် နိုင်ငံခြား ဝယ်လက်တွေ ခေါ်ယူတွေ့ဆုံပေးဖို့နဲ့ လိုအပ်တဲ့ အရင်းအနှီးပမာဏကို အသင်းနဲ့ (MOU) ထိုးထားတဲ့ဘဏ်များနှင့် ချိတ်ဆက်ပေးနိုင်ရန် စီစဥ်ထားကြောင်း သိရပါတယ်။ ကြိမ်၊ ဝါး၊ ဗေဒါ အသင်းက ကြိမ်ဝါးအခြေခံဒေသထွက်ကုန်များ ထုတ်လုပ်နေသောအသင်းဖြစ်ပြီး ARCCI အသင်း၏ ညီနောင်အသင်း တစ်ခုလည်း ဖြစ်ပါတယ်။ (NVS 004)

16 Mar

ADVERTISE HERE .