“နဝဒေးတံတား(ပြည်) အသုံးပြုခကောက်ခံရေးလုပ်ငန်းလုပ်ပိုင်ခွင့်ကို လေလံတင်ရောင်းချမည်”
16 Mar
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နဝဒေးတံတား(ပြည်)၏ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တံတား အသုံးပြုခကောက်ခံရေးလုပ်ငန်းလုပ်ပိုင်ခွင့်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ပဲခူးမြို့၊လမ်းတံတား ဦးစီးဌာန မှ ကြေညာထားပါတယ်။ အဆိုပါလုပ်ငန်းလုပ်ပိုင်ခွင့်ကို နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လေလံတင်ရောင်းချမှာဖြစ်ပြီး ကြမ်းခင်းဈေးအနေနဲ့ ကျပ်သိန်း ၃,၀၀၀ သတ်မှတ်ထားကာ လေလံတင်ရောင်းချခြင်းကို လာမည့် မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီမှာ ပဲခူးမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသူများအတွက် တံတားဂိတ်၏ လေလံတင်သွင်းခွင့်လျှောက်လွှာကို လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံး၊ ပဲခူးမြို့တွင် မတ်လ ၁၂ ရက်မှစ၍ ထုတ်ပေးနေပြီး လေလံတင်သွင်းလွှာများကို မတ်လ ၁၉ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားကာ မှတ်ပုံတင်နိုင်ကြောင်း၊ စိတ်ပါဝင်စားကြေးနှင့် အာမခံကြေးများကို မတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းမှာ နောက်ဆုံးထားပေးသွင်းရမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားကြေး၊ အာမခံကြေးနှင့် လေလံတင်သွင်းရန် အသေးစိတ်စည်းကမ်းချက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ပဲခူးမြို့ သို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)