“လန်ချန်း-မဲခေါင် ဗဟုသုတဉာဏ်စမ်းအမေးအဖြေ အစီအစဉ်ကျင်းပမည်”

16 Mar

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာ၌ ပဉ္စမအကြိမ်မြောက် "လန်ချန်း-မဲခေါင် ဗဟုသုတဥာဏ်စမ်းအမေးအဖြေ" အစီအစဉ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးကအသိပေးခဲ့ပါတယ်။ အဆိုပါအစီအစဥ်ကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်အစည်းအဝေး ၁၀ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန် မတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်တဲ့ ရွေးချယ်စရာမေးခွန်း ၃ ခုကို နေ့စဉ်ကြေညာပေးသွားမည်ဖြစ်ကာ မေးခွန်း ၃ ခုလုံးကို မှန်ကန်စွာဖြေဆိုနိုင်သူ ၃ ဦး ကို Six sided Chinese Lacquered Panel Art နှင့် ချစ်စရာကောင်းသော Panda Crossbody Backpackများကို လက်ဆောင်အဖြစ် ကျပန်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူစာရင်းကို မတ်လ ၂၃ ရက်မှာ ကြေညာပေး သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးကနေ အသိပေးခဲ့ပါတယ်။ (NVS 004)

16 Mar

ADVERTISE HERE .