“သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများကို မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူး ပင့်ဆောင်”

16 Mar

ဧရာဝတီတိုင်းအစိုးရအဖွဲ့၏စီစဥ်မှုနဲ့ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ နောက်ပါသံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများကို မတ်လ ၁၂ ရက်ညနေပိုင်းက ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အခုလိုပို့ဆောင်ပေးရာ လိုက်ပါတော်မူခဲ့ကြတဲ့ ဆရာတော်၊ သံဃာတော်များကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ပို့ဆောင်ကြည်ညိုခဲ့ကြပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သံဃာတော်များလမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး၊ ဆွမ်းနှင့်ဝေယျာဝစ္စကိစ္စရပ်များလစ်ဟင်းမှုမရှိစေရေး၊ ဆရာတော်ကြီးများ စေတီတော်မြတ်ကြီးကို စိတ်အေးချမ်း သာယာစွာဖူးမြော်ကြည်ညိုသဒ္ဒါပွားများနိုင်စေရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

16 Mar

ADVERTISE HERE .