“မုဒုံမြို့နယ်မှာ စက်မှုဇုန်မြေနေရာဖော်ထုတ်ရန် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်”

16 Mar

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စု၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး နောက်ကျောဘက်ရှိ မြေဧက ၃၆၈ ဒသမ ၂၇ ပေါ်မှာ စက်မှုဇုန်မြေနေရာဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုဖော်ထုတ်ရာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုနဲ့ဆောင်ရွက်ရန် စိတ်ပါဝင်စားတဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ အဆိုပြုလျှောက်လွှာများကို မတ်လ ၁၃ ရက်မှ မတ်လ ၂၅ ရက်အထိ တစ်စောင်လျှင် ၅၀,၀၀၀ ကျပ်နဲ့ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကာ အဆိုပြုလျှောက်လွှာများကို ပြည်နယ်စည်ပင်ရုံးသို့ မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲနောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြား ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပြုလျှောက်လွှာဝယ်ယူရာမှာ ယှဉ်ပြိုင်သည့်ကုမ္ပဏီသာ သိစေအပ်သော အသေးစိတ်အချက်အလက် များကိုအခြားလူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက်တင်ပြရမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

16 Mar

ADVERTISE HERE .