“ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာ ရရှိ”
15 Mar
ပရီးမီးယားလိဂ်က လစဉ်ပေးအပ်ချီးမြှင့်လျက်ရှိတဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးနည်းပြ ဆုကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မန်စီးတီးအသင်းအား ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲ ကိုင်တွယ်ပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ အနေနဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ၁၂ ကြိမ်ထိ ဆွတ်ခူးရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်း တောင်ပံ ကစားသမား ဆီမီညို က ဆွတ်ခူးရရှိခဲ့ပါတယ်။(NVS 008)
15 Mar