“ကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိတဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်”
15 Mar
ဘိုင်ယန်မြူးနစ်အသင်း နောက်ခံကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ် ဟာ ကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ အဆိုပါ နောက်ခံကစားသမားဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းက အတ္တလန္တာအသင်းကို ခြောက်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အယ်လ်ဖွန်ဆိုဒေးဗီးစ် ဒဏ်ရာ ပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ် ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၃၉ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။(NVS 008)
15 Mar