“ချဲလ်ဆီးအသင်းက ရီစီဂျိမ်း ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို”

15 Mar

ချဲလ်ဆီးအသင်းက အသင်းခံစစ်ပိုင်းတွင် ခြေစွမ်းပြကစားနေသည့် အသက် ၂၆ နှစ်အရွယ် ရီစီဂျိမ်း ကို ၂၀၃၂ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း Daily Mail သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းအကယ်ဒမီမှ ထွက်ပေါ်လာသည့် ရီစီဂျိမ်း ကို ကနဦးက ၂၀၂၈ ခုနှစ်ထိသာ စာချုပ်ချုပ်ဆိုထားသော်လည်း ကစားသမား၏ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် လုပ်ခလစာတိုးမြှင့်ပေးခဲ့ပြီး နောက်ထပ်ခြောက်နှစ်ထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ယခင်က ခံစစ်ကစားသမားများဖြစ်သည့် ရူဒီဂါ၊ ခရစ်စတန်ဆန် တို့ကို ပုံစံကောင်း ပြသနိုင်ချိန်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ထံ လက်လွှတ်ခဲ့ရပြီး ကစားသမားကောင်းများ ဆုံးရှုံးခဲ့မှုကြောင့် ရီစီဂျိမ်း ကို ၂၀၃၂ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ရီစီဂျိမ်း ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၂၅ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၁၆ ဂိုးနှင့် ဂိုးဖန်တီးမှု ၃၃ ကြိမ် ပြုလုပ်ထားကြောင်းသိရပါတယ်။(NVS 008)

15 Mar

ADVERTISE HERE .