“နည်းပြ အန်ဒရူး ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်း”
15 Mar
ဘရန့်ဖို့ဒ်အသင်းဟာ ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားသည့် နည်းပြ အန်ဒရူး ကို ၂၀၃၂ ခုနှစ်ထိ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၄၅ နှစ်အရွယ် နည်းပြ အန်ဒရူး ဟာ ၂၀၁၅ ခုနှစ်က ဘော်လ်တန်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကာလရှည် ကလပ်အသင်းလက်မဲ့ဖြစ်နေရာမှ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဘရန့်ဖို့ဒ်အသင်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ နည်းပြ အန်ဒရူး အနေနဲ့ ယခုနှစ်ဘောလုံးရာသီအတွင်း အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ကလပ်အသင်းအချို့က နည်းပြအဖြစ်ခန့်အပ်ရန် စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘရန့်ဖို့ဒ်အသင်းက ၎င်းတို့အသင်းရဲ့ နည်းပြကို လက်မလွှတ်လိုတာကြောင့် ပြီးခဲ့တဲ့လကတည်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်ဆွေးနွေးခဲ့ရာ ယခုအခါ ကာလရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)