“မန်ယူနှင့် မန်စီးတီးအသင်းတို့က အန်ဒါဆန် ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်း”

15 Mar

မန်ယူနှင့် မန်စီးတီးအသင်းတို့က လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် နော်တင်ဟမ်အသင်း ကွင်းလယ်ကစားသမား အန်ဒါဆန် ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက ကွင်းလယ်ပိုင်းတွင် ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိသည့် ကွင်းလယ်ကစားသမား ရိုဒရီကို လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားပြီး မန်ယူအသင်းကလည်း ယခုနှစ်ဘောလုံးရာသီကုန်တွင် ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး နှင့် လမ်းခွဲရန်ဆုံး ဖြတ်ထားတာကြောင့် ၎င်းတို့နေရာတွင် အန်ဒါဆန် နှင့်အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ အန်ဒါဆန် ဟာ ၂၀၂၄ ခုနှစ်က နယူးကာဆယ်အသင်းမှ နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ကာ အဓိက ကစားသမားအဖြစ် အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပါတယ်။(NVS 008)

15 Mar

ADVERTISE HERE .