“ဓာတ်ဆီရက်(၄၀)နှင့်ဒီဇယ်ရက်(၅၀)စာရှိနေပြီး စက်သုံးဆီသင်္ဘောများ ဆက်လက်ရောက်ရှိလာမည်”
15 Mar
မြန်မာနိုင်ငံ၌ စက်သုံးဆီလက်ကျန်အလုံအလောက်ရှိနေ၍ စိုးရိမ်ပူပန်မှုမရှိရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က မတ်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ မတ်လ ၁၄ ရက်အထိ အရန်စက်သုံးဆီလက်ကျန် ဓာတ်ဆီဂါလံသန်း ၆၀ ကျော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်ပေါင်း ၄၀ စာကျန်ရှိနေပြီး ဒီဇယ်ဂါလံ ၈၅ သန်းကျော် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရက်ပေါင်း ၅၀ စာ ကျန်ရှိနေကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် ဆိပ်ကမ်း၌ဆီချနေသည့် သင်္ဘော ၃ စင်း၊ ရန်ကုန်ဆိပ်ကမ်းဘက်တွင် ရောက်ရှိနေသည့် သင်္ဘော ၂ စင်း၊ မြန်မာနိုင်ငံသို့လာနေသည့် လမ်းကြောင်းပေါ်၌ သင်္ဘော ၃ စင်းနှင့် ဆီတင်ရန်အတွက် နိုင်ငံခြားဆိပ်ကမ်းတွင် စောင့်ဆိုင်းနေသော သင်္ဘော ၁၂ စင်းရှိကြောင်း သိရပါတယ်။ ဒါ့အပြင် မတ်လနှင့် ဧပြီလအတွင်း၌ မြန်မာနိုင်ငံအတွင်းသို့ ဆီများထပ်မံရောက်ရှိလာနိုင်ရန် စာချုပ် ချုပ်ဆိုထားပြီး သင်္ဘော ၁၉ စင်း ရှိနေခြင်းကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မရှိရန် ဗိုလ်ချုပ် ဇော်မင်းထွန်း က အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။(NVS 004)