“လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူခဲ့တဲ့ ကိုင်လီဝေါ်ကာ”
14 Mar
ဘန်လေအသင်း နောက်ခံကစားသမား ဝေါ်လ်ကာ က အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ နောက်ခံကစားသမား ဝေါ်ကာ အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၁ မှ ၂ဝ၂၅ ခုနှစ်အထိ ပွဲပေါင်း ၉၆ ပွဲကစားကာ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဝေါ်လ်ကာ က လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်းနဲ့ အသင်းမှာ ကစားခဲ့တဲ့အချိန်တွေကိုလည်း အမြဲအမှတ်ရနေမှာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းအနေနဲ့ အနာဂတ် မှာ အောင်မြင်မှုများ ရယူနိုင်ပါစေလို့ တောင်းဆုပြုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
14 Mar