“လက်ရှိနည်းပြ တူဒေါ အား ရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိတဲ့ စပါးအသင်း”
14 Mar
စပါးအသင်းက လက်ရှိအချိန်တွင် ရလဒ်များ အလွန်ဆိုးရွားနေခြင်းကြောင့် နည်းပြ တူဒေါ အား ရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ နည်းပြ တူဒေါ အနေနဲ့ စပါးအသင်းအား လေးပွဲကိုင်တွယ်ပြီး လေးပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိတာကြောင့် စပါးအသင်းက နည်းပြရာထူးမှ ထုတ်ပယ်ရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် စပါးအသင်း ပရိသတ်များကလည်း နည်းပြ တူဒေါ အား ရာထူးမှထုတ်ပယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့တာကြောင့် နည်းပြ တူဒေါ အနေနဲ့ ထွက်ပေါ်နေတဲ့ သတင်းများအတိုင်း စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
14 Mar