“မန်ယူနှင့် ချဲလ်ဆီးအသင်းတို့က ဂျိုဟန်မန်ဇမ်ဘီ အားခေါ်ယူရန် အပြိုင်စိတ်ဝင်စား”

14 Mar

ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သည့် မန်ယူနှင့် ချဲလ်ဆီးအသင်းတို့က ဖရိုင်းဘတ်အသင်း ကွင်းလယ် ကစားသမား ဂျိုဟန်မန်ဇမ်ဘီ အားခေါ်ယူရန် အပြိုင်စိတ်ဝင် စားလျက်ရှိပါတယ်။ အသက် ၂ဝ အရွယ် ကွင်းလယ်ကစားသမား ဂျိုဟန်မန်ဇမ်ဘီ က ဖရိုင်းဘတ်အသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲ ၃ဝ ကစားပြီး လေးဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းများက အပြိုင်ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ဖရိုင်းဘတ်အသင်းကလည်း ဂျိုဟန်မန်ဇမ်ဘီ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ပေးချေမည့် မည်သည့်အသင်းကို မဆို ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

14 Mar

ADVERTISE HERE .