“တိုက်စစ်မှူး ဟာရီကိန်း ကိုခေါ်ယူရန် ဘာစီလိုနာအသင်းပစ်မှတ်ထား”

14 Mar

ဘာစီလိုနာအသင်းက လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်း ကိုခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး ရဲ့နေရာမှာ ဟာရီကိန်း နဲ့အစားထိုးရန် ရည်ရွယ် နေခြင်းဖြစ်ပြီး ဟာရီကိန်း ကလည်း လာလီဂါတွင်ကစားရန် ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဟာရီကိန်း နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်မှာ ၂၀၂၆ နွေရာသီတွင် ယူရို ၆၅ သန်းဖြင့် ပြောင်းရွှေ့နိုင်သည့် သဘော တူညီချက်ပါဝင်သောကြောင့် ဘာစီလိုနာအသင်းက ဟာရီကိန်း ကိုခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဟာရီကိန်း အနေနဲ့ အသက် ၃၃ နှစ် ပြည့်တော့မှာဖြစ်သော်လည်း ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသ နေဆဲဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်ချို့က အင်္ဂလန်မြေကို ပြန်လည်ခေါ်ယူရန် လိုလား နေကြောင်းလည်း သိရပါတယ်။(NVS 008)

14 Mar

ADVERTISE HERE .