“မိန်နူး ကို စာချုပ်သစ်ချုပ်ဆိုရေး မန်ယူအသင်း ပြန်လည်ဆွေးနွေးရန်ပြင်ဆင်”
14 Mar
မန်ယူအသင်းက ကွင်းလယ်လူ မိန်နူး ကို စာချုပ်သစ်ချုပ်ဆိုရေး ပြန်လည်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂ဝ အရွယ် မိန်နူး ရဲ့စာချုပ်က ၂ဝ၂၇ ခုနှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ နည်းပြဟောင်း အာမိုရင်မ် လက်ထက်မှာ မိန်နူး ရဲ့အခန်းကဏ္ဍ ပျောက်ဆုံးခဲ့ပြီးနောက် စာချုပ်သစ်ကိစ္စမှာ မှေးမှိန်ခဲ့ရသော်လည်း ယခုအခါ မန်ယူအသင်းတွင် နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး မိန်နူး ရဲ့အနာဂတ်မှာ မန်ယူအသင်းတွင် ဆက်ရှိနေရန် အခွင့်အလမ်းများ ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ ကာရစ် လက်ထက်တွင် မိန်နူး အနေနဲ့ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းကောင်းကို ပြသနေခဲ့တာဖြစ်ပါတယ်။(NVS 008)
14 Mar