“ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ ရလဒ်များကို လာမည့် မတ်လ ၁၆ ရက်တွင် ကြေညာမည်”

14 Mar

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဖြေဆိုခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲရလဒ်များကို လာမည့်မတ်လ ၁၆ ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းသင်းမှ သိရ ပါတယ်။ သင်တန်းကျောင်းများအနေဖြင့် အဆိုပါစာမေးပွဲရလဒ်များကို ကျောင်းသားများအတွက် စုပေါင်းထုတ်ယူ မည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများကို ပြည့်စုံစွာ ယူဆောင်လာရမှာဖြစ်ပါတယ်။ ရန်ကုန်စာဖြေဌာနတွင် လျှောက်ထားဖြေဆိုသူများအနေဖြင့် ရလဒ်များကို မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် မတ်လ ၂၂ ရက် နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Center ၌ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ထို့အတူ မန္တလေးစာဖြေဌာနတွင် လျှောက်ထားဖြေဆိုသူများအနေဖြင့် ရလဒ်များကို မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ MAJA Office (Mandalay Branch)၌ ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၂၂ ရက် နောက်ပိုင်းတွင် တနင်္လာနေ့မှ သောကြာနေ့အတွင်းသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

14 Mar

ADVERTISE HERE .