“လာမည့်နွေရာသီမှာ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ရိုမဲရိုး”

13 Mar

စပါးအသင်း နောက်ခံကစားသမား ရိုမဲရိုး ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာ ဖွယ်ရှိပါတယ်။ အသက် ၂၇ နှစ် အရွယ် ရိုမဲရိုးကို ဥရောပကလပ်အသင်းတွေ စိတ်ဝင်စားနေကြတာဖြစ်လို့ ရိုမဲရိုး အနေနဲ့ နွေရာသီမှာ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် နွေရာသီမှာ အီတလီစီးရီအေကလပ် အတ္တလန္တာအသင်းဆီကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ရိုမဲရိုး ဟာ လန်ဒန်မြေပေါ်မှာ ကောင်းမွန်တဲ့ ခံစစ်သမားတစ်ယောက်အဖြစ် တည်ဆောက်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုရာသီမှာလည်း ရိုမဲရိုးက စပါးအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားပါတယ်။ ရိုမဲရိုး နဲ့ စပါးအသင်းတို့စာချုပ်က ၂၀၂၉ ခုနှစ် ဇွန်လကုန်အထိ ရှိနေတာဖြစ်ပါတယ်။ (NVS 008)

13 Mar

ADVERTISE HERE .