“ချန်ပီယံလိဂ်ပွဲ ၃၀ ပြည့်မြောက်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယာမယ်”
13 Mar
ဘာစီလိုနာအသင်းရဲ့ ကစားသမား ယာမယ် ဟာ ချန်ပီယံလိဂ်ပွဲ ၃၀ ပြည့်မြောက်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ယာမယ် ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်ပွဲ ၃၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်နဲ့ ၂၄၀ ရက်သာရှိသေးတာကြောင့် အသက်အငယ်ဆုံးနဲ့ ပွဲ ၃၀ ပြည့်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယာမယ် မတိုင်ခင် စံချိန်တင်ထားခဲ့သူက PSG ကစားသမား ဇိုင်ရာအမ်မရီ ဖြစ်ပြီး ၁၉ နှစ်၊ ၂၂၇ ရက်မှာ ချန်ပီယံလိဂ်ပွဲ ၃၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ယာမယ် ဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့မှာ အသင်းအတွက် ချေပဂိုးကို ပယ်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ (NVS 008)
13 Mar