“အက်သလက်တီကိုအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့တဲ့ ဂရီးဇ်မန်း”

13 Mar

အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်း က မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီး အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအသင်းမှာ ရာသီကုန်တဲ့အထိ ဆက်ရှိမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ မေဂျာလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က မတ်လ ၂၆ ရက်တွင် ပိတ်သိမ်းမှာဖြစ်ပြီး အစောပိုင်းတုန်းက ဂရီးဇ်မန်း အနေနဲ့ အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်မှာ ၃၅ နှစ် ပြည့်တော့မယ့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်း ဟာ အက်သလက်တီကို အသင်းမှာ ဒုတိယအကြိမ်ပြန်လည်ကစားနေတာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ တွင် ကုန်ဆုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရီးဇ်မန်းဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ပွဲကစားချိန်တွေ လျော့ကျလာခဲ့ပေမဲ့ ပြိုင်ပွဲစုံပွဲ ၄၀ ကစားပြီး ၁၃ ဂိုး သွင်းယူပေးထားကြောင်း သိရပါတယ်။ (NVS 008)

13 Mar

ADVERTISE HERE .