“PSG အသင်းနဲ့ပွဲမှာ ဘောကောက်လူငယ်ကိုတွန်းခဲ့တဲ့ ပတ်ဒရိုနက်တို ကို UEFA စုံစမ်းစစ်ဆေးမှုပြုလုပ်နေ”

13 Mar

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ PSG အသင်းနဲ့ပွဲစဉ်မှာ ဘောကောက်လူငယ်လေးကို တွန်းခဲ့တဲ့ ချဲလ်ဆီးအသင်းကစားသမား ပတ်ဒရိုနက်တို ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရပါတယ်။ ပတ်ဒရို ဟာ PSG အသင်းကို ၂ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အကျော့ပွဲစဉ်မှာ အခုလို ပြုမူခဲ့မိတာဖြစ်ပြီး ဘောကောက်လူငယ်လေးကို လူသိရှင်ကြား တောင်းပန်စကားပြောကြားခဲ့ပေမယ့် UEFA ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အားကစားသမားမပီသတဲ့ အပြုအမူအဖြစ် စွဲချက်တင်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ UEFA က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်တာကြောင့် ပတ်ဒရို အနေနဲ့ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေပါတယ်။ (NVS 008)

13 Mar

ADVERTISE HERE .