“နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ အက်စတွန်ဗီလာနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အူနိုင်းအမ်မရီ”
13 Mar
စပိန်လူမျိုးနည်းပြ အူနိုင်းအမ်မရီ ဟာ အက်စတွန်ဗီလာအသင်းရဲ့သမိုင်းမှာ နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့် မြောက်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အူနိုင်းအမ်မရီ ဟာ အက်စတွန်ဗီလာအသင်းက လိုင်လီအသင်းကို ၁ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းကို ၂၀၂၂ နိုဝင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီ ဟာ ပွဲပေါင်း ၁၈၁ ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲ ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအသင်းရဲ့ ဂန္ထဝင်နည်းပြတွေဖြစ်တဲ့ ရော့ဘ်ဆောင်းဒါးစ် နဲ့ ဂျိုးမာဆာ တို့ကိုကျော်ဖြတ်ပြီး နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ လိုင်လီအသင်းကို အဝေးကွင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ် တက်ရောက်နိုင်ဖို့ အလားအလာကောင်းသွားခဲ့ပြီး အူနိုင်းအမ်မရီက ဒီရာသီမှာ ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ (NVS 008)