“၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း”

13 Mar

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၆/၂၀၂၆ နဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၇ အရ ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေမှာ အခန်း(၁၇)ခန်းပါဝင်ပြီး ဥပဒေပုဒ်မ ၁ မှ ပုဒ်မ ၈၈ အထိ ပြဋ္ဌာန်းထားပြီး ယင်းဥပဒေပုဒ်မ ၈၈ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (ပြည်ထောင်စုလွှတ်တော်အမှတ် ၁၁/၂၀၁၄) ကို ယခုဥပဒေဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ ပြဋ္ဌာန်းခြင်းခဲ့ဖြစ်ပါတယ်။ (NVS 004)

13 Mar

ADVERTISE HERE .