“ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကျင်းပမည်”

13 Mar

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့်အခမ်းအနားကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးအတွင်း ကျင်းပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခုလိုကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ သာသနာ့မဟာ ဗိမာန်တော် ကြီး၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ဆဋ္ဌသင်္ဂါယနာတင်နှင့် ဆက်စပ်သည့် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာပေများ ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည့် အကြောင်း ဆွေးနွေးကြခဲ့ပါတယ်။ ထို့အတူ သာသနာတော်နှင့် သင့်လျော်ညီညွတ်သော အခမ်းအနားအဖြစ် စနစ်တကျ ကျင်းပနိုင်ရေး၊ ဆဋ္ဌသင်္ဂါယနာ သမိုင်းမှတ်တမ်းများကို ထိန်းသိမ်းဖော်ထုတ်ရေး၊ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရေး တို့ကို ဆရာတော်ကြီးများက လမ်းညွှန်မိန့်ကြားခဲ့ပါတယ်။ (NVS 004)

13 Mar

ADVERTISE HERE .