“တောင်ကြီးမြို့မှာ Fuel Control System စနစ်အသုံးပြုနည်းသင်တန်း စတင်ဖွင့်လှစ်ခဲ့”

13 Mar

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ပြိုင်နက်စတင် အသုံးပြုမည့် Fuel Control System စနစ်အသုံးပြုနည်းသင်တန်းကို မတ်လ ၁၁ ရက်က တောင်ကြီးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါစနစ်ကိုအသုံးပြုခြင်းဖြင့် ယာဉ်အမှတ်များအား စုံ/မစနစ်အတိုင်း QR စနစ်ဖြင့် စက်သုံးဆီရောင်းချမည့် အစီအစဉ်ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စက်သုံးဆီအရောင်းဆိုင် များမှ ဝန်ထမ်း ၇၀ ဦးခန့် တက်ရောက်သင်ကြားခဲ့ကြပါတယ်။ သင်တန်းကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ် ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ စက်သုံးဆီများအလေအလွင့်မရှိအောင် ထိန်းချုပ်နိုင်ရန်နှင့် လိုအပ်ချိန်မှာ စက်သုံးဆီများလွယ်ကူလျင်မြန်စွာ ဖြည့်တင်းနိုင်ရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါတယ်။ (NVS 004)

13 Mar

ADVERTISE HERE .