“နေပြည်တော်စက်ခေါင်းစက်ရုံ၌ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းများ တည်ဆောက်နေ”

13 Mar

ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)များကို နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ မှာ တည်ဆောက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါတည်ဆောက်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိတည်ဆောက်နေသော ဘက်ထရီလျှပ်စစ်ရထား တွဲဆိုင်း (BEMU)များကို ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများမှာ စတင်အသုံးပြုမယ်လို့ သိရပါတယ်။ ဒါကြောင့် တည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းများ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်၊ ဘက်ထရီတွဲများကို အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူးကြိုးပမ်း ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က မှာကြားခဲ့ပါတယ်။ ()NVS 004)

13 Mar

ADVERTISE HERE .