“ပွဲ ၁၀၀ မြောက်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ နည်းပြ အာနယ်ဆလော့”
12 Mar
လီဗာပူးလ်အသင်းရဲ့ နည်းပြ အာနယ်ဆလော့ ဟာ ပွဲ ၁၀၀ မြောက်မှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ လီဗာပူးလ်အသင်းရဲ့ သမိုင်းမှာ ပထမဆုံးပွဲ ၁၀၀ အတွင်း နိုင်ပွဲအများဆုံးရယူနိုင်တဲ့နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၄ ဇွန်လမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အာနယ်ဆလော့ ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းနှင့် ဂါလာတာစာရေးအသင်း ပွဲစဉ်မှာ လီဗာပူးလ်နည်းပြဘဝပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းက ဂါလာတာစာရေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အာနယ်ဆလော့ ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲ ၁၀၀ မှာ နိုင်ပွဲ ၆၂ ပွဲ၊ သရေ ၁၆ ပွဲ၊ ရှုံးပွဲ ၂၂ ပွဲ ရရှိခဲ့ပါတယ်။ အသင်းရဲ့ ဂန္ထဝင်နည်းပြ ကန်နီဒဲဂလစ်ရှ်နဲ့အတူ နိုင်ပွဲအများဆုံးရရှိတဲ့နည်းပြအဖြစ် နည်းပြ အာနယ်ဆလော့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
12 Mar