“မြန်မာ ယူ- ၁၇ အသင်း အာဆီယံပြိုင်ပွဲမှာ လာအိုအသင်းနဲ့ စတင်ကစားရမယ်”

12 Mar

မြန်မာ ယူ- ၁၇ အသင်းအနေနဲ့ ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲမှာ လာအို ယူ-၁၇ အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားသွားရဖို့ ရှိနေပါတယ်။ မြန်မာ ယူ-၁၇ အသင်းဟာ ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်း၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့အတူ အုပ်စု (B) မှာ ကျရောက်နေပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ ဒီပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုတွေကို မတ်လ ၆ ရက်က ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကို ၄ သင်း ၃ အုပ်စု ခွဲဝေခဲ့တာဖြစ်ပါတယ်။ အုပ်စုခွဲဝေမှုအရ အုပ်စု (A) မှာ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊ အုပ်စု (B) မှာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အုပ်စု (C) မှာ သြစတြေးလျ၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့ ကျရောက်နေပါတယ်။ (NVS 008)

12 Mar

ADVERTISE HERE .