“ဂျူလီယန်ဘရန့် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းနှင့် အာဆင်နယ်အသင်း”

12 Mar

လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျာမန်တိုက်စစ်ကစားသမား ဂျူလီယန်ဘရန့်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘရန့် ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လေဗာကူဆင်အသင်းမှာ အစပြု ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာက ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ ဘရန့် ကို ဒေါ့မွန်အသင်းက သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမယ့် ဘရန့် က ငြင်းဆန်ခဲ့ကာ ပြည်ပနိုင်ငံတစ်ခုခုမှာ ထွက်ခွာကစားဖို့ ရည်ရွယ်နေ ပါတယ်။ ဘရန့် ဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၈ ပွဲမှာ ၅၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၆၈ ကြိမ် ပြုလုပ်ထား ကြောင်း သိရပါတယ်။ (NVS 008)

12 Mar

ADVERTISE HERE .