“အင်္ဂလန်ကလပ်တွေရလဒ်မကောင်းခဲ့ပေမယ့်နောက်ရာသီမှာ ဝင်ခွင့်တစ်နေရာရရှိရန် အခြေအနေကောင်းနေဆဲ”
12 Mar
ယှဥ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ အင်္ဂလန်ကလပ်တွေ ရလဒ်မကောင်းခဲ့ပေမယ့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အပိုတစ်နေရာရရှိဖို့တော့ အင်္ဂလန်ကလပ်တွေက အလားအလာကောင်းနေဆဲ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ကြတဲ့ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရာသီအလိုက်အမှတ်အများဆုံးရရှိတဲ့ နိုင်ငံနှစ်နိုင်ငံကို ချန်ပီယံလိဂ်ဝင်ခွင့် အပိုတစ်နေရာစီ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံက ပြိုင်ဘက်တွေကို အမှတ်ဖြတ်ဦးဆောင်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အပိုတစ်နေရာရရှိဖို့ အလားအလာကောင်းနေတာဖြစ်ပြီး နောက်တစ်နေရာအတွက်တော့ ဂျာမနီ၊ စပိန်နဲ့ အီတလီတို့ အပြိုင်ဖြစ်နေပါတယ်။ (NVS 008)
12 Mar