“ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အီရန်အားကစားဝန်ကြီး အတည်ပြုကြေညာ”
12 Mar
အီရန်အားကစားဝန်ကြီး အာမက်ဒွန်ယာမာလီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက် ယှဥ်ပြိုင်တော့မှာမဟုတ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တွေ့ဆုံခဲ့ရာတွင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းကို ကြိုဆိုသွားမယ်လို့ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း Instagram မှာ ပို့စ်တင်ပြီးနောက် အချိန်ပိုင်းအတွင်းမှာပဲ အီရန်အားကစားဝန်ကြီးက ကမ္ဘာ့ဖလားဝင်ရောက်ယှဥ်ပြိုင်မှာ မဟုတ်ဘူး လို့ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အီရန်အသင်းရဲ့နေရာမှာ မည်သည့် အသင်းကို အစားထိုးယှဥ်ပြိုင်စေမလဲဆိုတာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ (NVS 008)
12 Mar