“ရုရှားနိုင်ငံသားများအား အကူအညီပေးခဲ့သည့် အိမ်ရှင်အာရပ်စော်ဘွားများပြည်ထောင်စုကို ကျေးဇူးတင်ဟု ပူတင်ပြော”

12 Mar

အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခ မြင့်တက်နေစဉ် ရုရှားနိုင်ငံသားများအား အကူအညီပေးအပ်ခဲ့သည့် အိမ်ရှင်အာရပ်စော်ဘွားများပြည်ထောင်စုအား ရုရှားသမ္မတ ဗလာဒီမာပူတင် က ကျေးဇူးတင်ရှိကြောင်း ရုရှားအစိုးရက မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုခေါင်းဆောင် ဇာယစ် အယ်လ်နာယန် ၏ ၆၅ နှစ်ပြည့်မွေးနေ့ အတွက်လည်း ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ကျန်းမာချမ်းသာစေကြောင်း သမ္မတ ပူတင် က ဆုမွန်ကောင်း တောင်းပေးခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ရုရှားနှင့်အာရပ်စော်ဘွားများပြည်ထောင်စုတို့အကြား ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးတိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ မြင့်တက် လာသည့်အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

12 Mar

ADVERTISE HERE .