“EV Mechanics သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်”
11 Mar
EV Mechanics သင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်တွင် နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်၍ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့" ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ အဖိုးတန်သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ရေရှည်တည်တံ့အောင်ထိန်းသိမ်း၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရန်၊ နိုင်ငံတော်နှင့်ပြည်သူများ အမှန်တကယ် အားထားရမည့် လျှပ်စစ်ကားနည်းပညာရှင်များ ဖြစ်စေရေးအတွက် သင်တန်းသားများအနေနဲ့ ကြိုးစားလေ့ကျင့် သင်ယူကြရန် အမှာစကားပြောကြားခဲ့ပါတယ်။ အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနများ၊ ကားဝပ်ရှော့များမှ သင်တန်းသား ၂၃ ဦး တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းတွင် အဆင့်မြင့်သင်ထောက်ကူ မော်ကျူးများအသုံးပြု၍ လက်တွေ့လေ့ကျင့် ပေးကာ လုပ်ငန်းကော်မတီအနေနဲ့ စံနှုန်းပြည့်မီစွာ လက်တွေ့ကျကျပြုပြင်နိုင်ရေးကို အလေးထားပြီး ပုံမှန်သင်တန်း များအပြင် အကြံပြုချက်များ၊ စစ်တမ်းကောက်ယူချက်များနှင့် နည်းပညာတောင်းခံမှုတို့အရ စိတ်ကြိုက်သင်တန်း များကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)