“မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များအနေနဲ့ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန် အသိပေးကြေညာ”

11 Mar

၂၀၂၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များအနေနဲ့ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတု များ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သလို လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များမှာလည်း မှတ်ပုံတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင် များတွင် တရားမဝင်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်လို့ ကုန်သွယ်ရေးဦးစီး ဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ဧပြီလ ၃၀ ရက်၊ ၂၀၁၉ ခုနှစ် အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် မေလ ၃၁ ရက်နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ဇွန်လ ၃၀ ရက်တို့တွင် နောက်ဆုံးထားကာ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြ ထားပါတယ်။ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)

11 Mar

ADVERTISE HERE .