“ဂျပန်ကုမ္ပဏီ ၅၇ ခုမှ မြန်မာလုပ်သမားများ ခေါ်ယူရန်ကမ်းလှမ်း”

11 Mar

ဂျပန်ကုမ္ပဏီ ၅၇ ခုမှ မြန်မာလုပ်သားများကိုခေါ်ယူရန် အလုပ်ကမ်းလှမ်းစာကို မတ်လ ဒုတိယပတ်တွင် ထပ်မံပေးပို့လာကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။ လက်ရှိတွင် တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက် အထားများအားစိစစ်၍ စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့တဲ့ လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့ စိစစ်ဆောင်ရွက်ပြီး စာရွက်စာတမ်း၊ အချက်အလက်များပေးပို့နိုင်ရန် မတ်လပထမပတ်က ကုမ္ပဏီ ၄၉ ခုစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး ယခုအခါထပ်မံ၍ ကုမ္ပဏီ ၅၇ ခု၏ စာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်စာရင်းတွင် ဖော်ပြပါရှိတဲ့ ကုမ္ပဏီများအနေနဲ့ Demand Letter စိစစ်နိုင်ရန် အချက်အလက် များကို မြန်မာသံရုံးတိုကျိုမြို့သို့ လိပ်မူ၍ စာတိုက်မှတစ်ဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ ကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ ရန် လိုအပ်ကြောင်း သိရပါတယ်။ (NVS-004)

11 Mar

ADVERTISE HERE .