“ပြောင်းလုပ်ငန်းကဏ္ဍအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန်စီစဉ်နေ”

11 Mar

ပြည်တွင်းရှိ ပြောင်းလုပ်ငန်း၏ ကုန်သွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြောင်း လုပ်ငန်းကဏ္ဍအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရပါတယ်။ ပြောင်းလုပ်ငန်းကဏ္ဍအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြောင်းစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် ရောင်းချသူကုန်သည်များ ထုတ်လုပ်ရေးနှင့် ပြောင်းအခြေပြု စက်မှုလုပ်ငန်းများကြား ငွေပေးချေမှုလုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ငွေပေးချေမှုများ ပိုမိုလျင်မြန်တိကျလာစေခြင်း၊ လုပ်ငန်းဆိုင်ရာအချက်အလက်များကို စနစ်တကျမှတ်တမ်းတင်နိုင် ရန်နှင့် ကုန်သွယ်ရေးဆိုင်ရာအန္တရာယ်များ လျော့နည်းစေရန် အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်ငွေပေးချေမှုများမှ ရရှိလာတဲ့ လုပ်ငန်းဆိုင်ရာအချက်အလက်များသည် ပြောင်းထုတ် လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍရှိ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် အထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။ ပြောင်းလုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေး နည်းပညာအသစ်များ၊ ဒစ်ဂျစ်တယ်စနစ်များနှင့် ခေတ်မီစီးပွားရေးလုပ်ငန်းစဉ်များကို ဆက်လက်မြှင့်တင်သွားမှာ ဖြစ်သလို ယခုကဲ့သို့ ပြောင်းလုပ်ငန်းကဏ္ဍ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းတည်ဆောက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)

11 Mar

ADVERTISE HERE .