“စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းတွင် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေး ကို များစွာအထောက်အကူပြုနိုင်”

11 Mar

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းတွင် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွား ဖွံဖြိုးတိုးတက်ရေးကို များစွာအထောက်အကူအကျိုးပြုနိုင်ကြောင်း မတ်လ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မှုနဲ့ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ထည့်သွင်းပြောကြားပါတယ်။ ဖွံဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံများတွင် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍသည် အရေးပါလျက်ရှိပြီး မိမိတိုနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ အခြားနိုင်ငံများထက် နည်းပါးနေခြင်းကြောင့် ပြည်ပပို့ကုန်များ နည်းပါးနေခြင်း၊ ပြည်ပပို့ကုန်နည်းပါးခြင်းကြောင့် နိုင်ငံခြားဝင်ငွေများနည်းပါးနေခြင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားပို့ကုန်များ ပိုမိုတင်ပို့ နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် ဆောင်ရွက်သွားကြ ရန်၊ ထိုမှတစ်ဆင့် အဆင့်မြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများအားပေးနိုင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်သင့်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးတက် လာပြီး ပြည်ပသွင်းကုန်များကို များစွာအစားထိုးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရ၏အားပေးမှုနှင့်အတူ MSME လုပ်ငန်းများအနေနဲ့ ယခင်နှင့်မတူအောင် ဖွံ့ဖြိုးတိုးတက် မှုရရှိနေပြီဖြစ်ပြီး ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက်တွင်လည်း MSME လုပ်ငန်းများကို ယခုထက်ပိုမိုလုပ်ဆောင်နိုင်ရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားရရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း(Agro-base Industries)တွင် MSME ကုန်ထုတ်လုပ်ငန်းသည် မဖြစ်မနေလိုအပ်ပြီး MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မှာဖြစ်လို့ လုပ်ငန်းလိုအပ်ချက်များအပေါ် နည်းလမ်းရှာဖွေကာ ဆောင်ရွက်သွားကြရန် ပြောကြားပါတယ်။ (NVS-004)

11 Mar

ADVERTISE HERE .