“Glan Master Futsal League II 2025- 2026 ပြိုင်ပွဲမှာ ချန်ပီယံဆွတ်ခူးခဲ့တဲ့ Galaxy FC အသင်း”

11 Mar

Glan Master Futsal League II 2025- 2026 ပြိုင်ပွဲ၊ ပွဲစဉ်များအားလုံးပြီးဆုံးချိန်မှာ Galaxy FC အသင်းက စုစုပေါင်းရမှတ် ၅၉ မှတ်နဲ့ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ မတ်လ ၉ ရက်က MFF Futsal Stadium မှာ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ချန်ပီယံဆုရရှိခဲ့သော Galaxy FC ကို Century Beverage Co.Ltd မှ Managing Director ဦးစိုင်းဝင်းအောင် က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင့်သူက ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ခဲ့သော ဒိုင်လူကြီးများကို အမှတ်တရဆုများ ပေးအပ်ခဲ့ပါတယ်။ (NVS 008)

11 Mar

ADVERTISE HERE .