“မြန်မာယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယအသင်းတို့ ခြေစမ်းပွဲကစားမည်”

11 Mar

အာရှဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ မြန်မာယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့က လာမယ့်မတ်လ ၁၂ ရက်နှင့် ၁၄ ရက်တို့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ခြေစွမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွား ကြမှာဖြစ်ပါတယ်။ ကွင်းအတွင်းလာရောက်ကြည့်ရှု့မည့် ပရိတ်သတ်များကို ကွင်းဝင်ခွင့်အခမဲ့သတ်မှတ်ထားကြောင်း အဖွဲ့ချုပ် က အသိပေးထားပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အာရှဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ယူ-၁၇ အမျိုးသားအသင်း အပြင် အမျိုးသမီးအသင်းပါ ရရှိထားခြင်းဖြစ်ကာ အာရှဖလားမှတဆင့် ကမ္ဘာ့ဖလားအဆင့် တက်လှမ်းနိုင်ရန် ကြိုးစား ပြင်ဆင်နေကြခြင်း ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းအနေနဲ့ တရုတ်အသင်း၊ ထိုင်းအသင်း နှင့် ဗီယက်နမ်အသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ (NVS 008)

11 Mar

ADVERTISE HERE .