“ဘရာဇီးလ်ကလပ်ရန်ပွဲမှာ ကစားသမား ၂၃ ယောက်အထိ အနီကတ်ပြထုတ်ပယ်ခံရ”
11 Mar
Campeonato Mineiro ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရူဇီယိုအသင်းနဲ့ အက်သလက်တီကိုမင်နဲရိုး အသင်းတို့ပွဲစဉ်မှာ ကစားသမား ၂၃ ယောက်အထိ အနီကတ်ပြထုတ်ပယ်ခံရကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ခရူဇီယိုအသင်းက အက်သလက်တီကိုမင်နဲရိုးကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အက်သလက်တီကိုဂိုးသမား အယ်ဗာဆန် က ခရူဇီယိုကွင်းလယ်လူ ခရစ္စတီယန် ကို လဲကျအောင် တွန်းခဲ့ပြီးနောက် ရင်ဘတ်ကို ဒူးနဲ့ ဖိထားရာကနေ ရန်ပွဲစတင်ခဲ့ပါတယ်။ အခုလိုရန်ပွဲကြောင့် ခရူဇီယိုအသင်းက အနိုင်ဂိုးသွင်းသူ ကိုင်ယိုဂျော့ချ်အပါအဝင် ကစားသမား ၁၂ ဦး ထုတ်ပယ်ခံခဲ့ရပြီး အက်သလက်တီကိုအသင်းကတော့ ဟော့ခ်၊ ရီနန်လိုဒီအပါအဝင် ကစားသမား ၁၁ ဦး ထုတ်ပယ်ခံရတာဖြစ်ပါတယ်။ ယခုပွဲရဲ့ အနီကတ် ၂၃ ကြိမ်က ဘောလုံးသမိုင်းမှာတော့ စံချိန်တင်ခြင်းမဟုတ်ဘဲ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ က အာဂျင်တီးနားပဉ္စမတန်း ကလေပိုးအသင်းနဲ့ အာရေးညက်စ်အသင်းတို့ပွဲစဉ်မှာ ကစားသမား ၃၆ ဦးအထိ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ (NVS 008)