“ဒိုင်လူကြီးကို ဝေဖန်ခဲ့တာကြောင့် ဒဏ်ငွေပေါင် ၈၀,၀၀၀ ဒဏ်ရိုက်ခံရတဲ့ ရိုဒရီ”
11 Mar
မန်စီးတီးကွင်းလယ်လူ ရိုဒရီ ဟာ ကွင်းလယ်ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်မှုအတွက် ပေါင် ၈၀,၀၀၀ ဒဏ်ရိုက် ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက စပါးအသင်းနဲ့ နှစ်ဂိုးစီသရေကျအပြီးမှာ ရိုဒရီ က ကွင်းလယ်ဒိုင်လူကြီး ရောဘတ်ဂျုံးစ် ကို ကြားနေမဖြစ်ခဲ့ဘူးလို့ ဝေဖန်ခဲ့မှုအတွက် ဒဏ်ငွေချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရိုဒရီ ဟာ အသင်းဖော်နောက်ခံလူ ဂူဟီ ကိုကန်ပြီး ဂိုးသွင်းသွားတဲ့ ဆိုလန်ကီ ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့အပေါ် ဒေါသထွက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ထုတ်ပြန်ချက်မှာ ရိုဒရီ ဟာ ပွဲပြီးအင်တာဗျူးမှာ မသင့်လျော်တဲ့အပြုအမူ ပြုလုပ်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် FA က ရိုဒရီ ရဲ့ အနာဂတ်အပြုအမူများအတွက်လည်း သတိပေးမှုပြုလုပ်ခဲ့ပါတယ်။ (NVS 008)
11 Mar