“အသင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် ၆ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်း”
11 Mar
စပါးအသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့မှာ အက်သလက်တီကိုအသင်းကို ၂ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စပါးအသင်းဟာ မန်ယူ၊ နယူးကာဆယ်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ ပဲလေ့စ်၊ အက်သလက်တီကိုအသင်း တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ၁၄၄ နှစ်တာ အတွင်းမှာ ၆ ပွဲဆက်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ နည်းပြ တူဒေါ က စပါးအသင်းရဲ့သမိုင်းမှာ ပထမဆုံးကိုင်တွယ်တဲ့ ၄ ပွဲစလုံးရှုံးနိမ့်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ စပါးအသင်းက တူဒေါ ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှ သောမတ်စ် ဖရန့်ခ် ရဲ့နေရာမှာ အစားထိုးခန့်အပ်ထားခြင်းဖြစ်ပေမယ့် လက်ရှိအချိန်မှာ ရာထူးကပြန်လည်ထုတ်ပယ်ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း လည်း သတင်းထွက်ပေါ်နေပါတယ်။ (NVS 008)
11 Mar