“မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးအတွက်ဆွေးနွေး”

11 Mar

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ဘန်ကောက်မြို့ အလုပ်သမားသံမှူးဦးဆောင်သောအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနညွှန်ကြားရေး မှူးချုပ်တို့ မတ်လ ၉ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ အပြည့်အဝရရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား အလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံများနှင့် သတင်းအချက်အလက် များကို အပြန်အလှန်ဖလှယ်ခြင်းနဲ့ ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အလုပ်သမားရေးရာကဏ္ဍများမှာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ထိုင်းနိုင်ငံဘက်မှလည်း နိုင်ငံသားခွဲခြားမှုမရှိဘဲ အလုပ်သမားအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို တည်ဆဲဥပဒေများနှင့်အညီ အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

11 Mar

ADVERTISE HERE .