“၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများအတွက် ယာဉ်များ စုံ/မ အက္ခရာ ခွဲခြားမှုမရှိဘဲ သွားလာနိုင်”
11 Mar
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပ နေစဉ်ကာလအတွင်း အဆိုပါစာမေးပွဲများအတွက် သွားလာမည့် မော်တော်ယာဉ်များ စုံ ၊ မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာနိုင်ရန် စီစဉ်ထားကြောင်း မတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ စာမေးပွဲကာလအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများနှင့် ကျောင်းသားမိဘပြည်သူများ သွားလာမှုအဆင်ပြေနိုင်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများဖြစ်သည့် “စာမေးပွဲတာဝန်” သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင် ကပ်၍ အသုံးပြုခွင့်ပေးထားတယ်လို့ သိပါတယ်။ ဒါ့အပြင် စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုထားသည့်အပြင် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့် ကတ်ပြား” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များမောင်းနှင်ခြင်းကို သက်ဆိုင်ရာခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။ (NVS 004)